Category Archives: ကဗ်ာ

P

ရင္ကြဲခန္းေဆာင္(၂) ရင်ကွဲခန်းဆောင်(၂)

ရွင့္အခ်စ္ကမြန္းၾကပ္တယ္ဆိုတဲ႔ေနာက္
အျပန္အလွန္ေမးခြန္းေတြမထုတ္ျဖစ္ခဲ႔တာၾကာၿပီ။

တစ္ေယာက္ကတစ္ေယာက္ကိုပင္ပန္းေစမွေတာ့
ဒါဟာ ေမတၱာဘယ္မည္ပါ့မလဲ။
ဒီစိတ္နဲ႔ပဲ ကိုယ့္တစ္ကိုယ္ရည္အတၱေတြကိုခ်ိဳးႏွိမ္ပစ္ခဲ႔…။

ခ်စ္သူကိုစိတ္ခ်မ္းသာေစခ်င္လြန္းေတာ့
ေဝဒနာေတြကို
ကိုယ္ကပဲ ရွိဳက္နမ္းေမႊးျမလိုက္ပါတယ္။

အဲဒီေန႔ကစလို႔
စံပယ္ပန္းေလးေျခာက္ေသြ႔သြားတယ္…။
စမ္းေခ်ာင္းေလးေနာက္က်ိသြားတယ္…။
ေလတံခြန္ေလးႀကိဳးျပတ္သြားတယ္…။
အနီးဆံုးဆံုးနီးၿပီး
အေဝးဆံုးေဝးခဲ႔ေတာ့
အသက္ရွဴရတာေတာင္ပ်င္းလ်လ်နဲ႔…။

ကိုယ့္ဝါးလံုးေခါင္းထဲက
တစ္ျခမ္းပဲ႔လကေလး
သူ…ခပ္တိုးတိုးပဲလင္းရရွာတယ္။

အခ်စ္ဆိုတာ
ဆုပ္ကိုင္ဆြဲပိုက္ထားမွမဟုတ္ပါဘူးကြယ္။
သူေပ်ာ္ေနသေရြ႕ကိုယ္ေပ်ာ္ေနမယ္…။
ကဲ………
ဘယ္ေလာက္ေတာင္ရိုးရွင္းလိုက္သလဲ။

တျဖည္းျဖည္းေဝးသြားတဲ႔ေျခလွမ္းေတြကို
အသက္ရွဴေအာင့္ၿပီး ေရ တြက္ ………
ကိုယ္…ယေသာ္ဓရာ့လို
တိတ္တိတ္ကေလးဆက္အိပ္ေနခဲ႔ပါတယ္။

(လင္း)
(Zawgyi)

ရှင့်အချစ်ကမွန်းကြပ်တယ်ဆိုတဲ့နောက်
အပြန်အလှန်မေးခွန်းတွေမထုတ်ဖြစ်ခဲ့တာကြာပြီ။

တစ်ယောက်ကတစ်ယောက်ကိုပင်ပန်းစေမှတော့
ဒါဟာ မေတ္တာဘယ်မည်ပါ့မလဲ။
ဒီစိတ်နဲ့ပဲ ကိုယ့်တစ်ကိုယ်ရည်အတ္တတွေကိုချိုးနှိမ်ပစ်ခဲ့…။

ချစ်သူကိုစိတ်ချမ်းသာစေချင်လွန်းတော့
ဝေဒနာတွေကို
ကိုယ်ကပဲ ရှိုက်နမ်းမွေှးမြလိုက်ပါတယ်။

အဲဒီနေ့ကစလို့
စံပယ်ပန်းလေးခြောက်သွေ့သွားတယ်…။
စမ်းချောင်းလေးနောက်ကျိသွားတယ်…။
လေတံခွန်လေးကြိုးပြတ်သွားတယ်…။
အနီးဆုံးဆုံးနီးပြီး
အဝေးဆုံးဝေးခဲ့တော့
အသက်ရှူရတာတောင်ပျင်းလျလျနဲ့…။

ကိုယ့်ဝါးလုံးခေါင်းထဲက
တစ်ခြမ်းပဲ့လကလေး
သူ…ခပ်တိုးတိုးပဲလင်းရရှာတယ်။

အချစ်ဆိုတာ
ဆုပ်ကိုင်ဆွဲပိုက်ထားမှမဟုတ်ပါဘူးကွယ်။
သူပျော်နေသရွေ့ကိုယ်ပျော်နေမယ်…။
ကဲ………
ဘယ်လောက်တောင်ရိုးရှင်းလိုက်သလဲ။

တဖြည်းဖြည်းဝေးသွားတဲ့ခြေလှမ်းတွေကို
အသက်ရှူအောင့်ပြီး ရေ တွက် ………
ကိုယ်…ယသော်ဓရာ့လို
တိတ်တိတ်ကလေးဆက်အိပ်နေခဲ့ပါတယ်။

(လင်း)
(Unicode)

image

ျမရာပင္မွာခ်ိတ္ထားတဲ႔အလြမ္းေတြ (မြရာပင်မှာချိတ်ထားတဲ့အလွမ်းတွေ)

မင္းကေျပးမွေတာ့
ကိုယ္ကလိုက္ရတယ္…။
ေျပးရင္းနဲ႔တျဖည္းျဖည္းေဝးသြားခဲ႔ၾကတာ
တို႔ႏွစ္ေယာက္ၾကား
ဘာမ်ားဆန္းခဲ႔ပါသလဲ။

ေျမေပၚကေကာက္
ေလေပၚပစ္ေျမွာက္မွေျပမယ့္
မင္းအာသီသတို႔အတြက္
ကိုယ္ဟာ ၾသဇာေစ့ေလးျဖစ္ခဲ႔တယ္…။
ျဖဴလႊလႊေက်ာက္စရစ္ခဲေလးျဖစ္ခဲ႔တယ္…။

က်ိန္စာေတြျပယ္ဖို႔
မေထြးကိုမွလိုပါတယ္လို႔
ဒီစြန္ညိဳဳဟာ သံ ကုန္ ျခစ္ ေအာ္ ခဲ႔…။

မေသခင္မွာ
အရွင္လတ္လတ္က်တဲ႔ငရဲဆိုတာ
မင္းမ်က္ႏွာမူရာ ကိုယ္ေနရၿပီး
ထမင္းရည္ပူစည္းအထပ္ထပ္
အျခားခံခဲ႔ရသလိုပါကြယ္…။

တကယ္ေတာ့………
ဒီအုန္းလက္ျမင္းေလးက
မင္းအလိုရွိရင္ယူေဆာ့ၿပီး
အလိုမရွိတဲ႔အခါ
ပစ္ထားခဲ႔လို႔ရပါတယ္…။

(လင္း)
(Zawgyi)

မင်းကပြေးမှတော့
ကိုယ်ကလိုက်ရတယ်…။
ပြေးရင်းနဲ့တဖြည်းဖြည်းဝေးသွားခဲ့ကြတာ
တို့နှစ်ယောက်ကြား
ဘာများဆန်းခဲ့ပါသလဲ။

မြေပေါ်ကကောက်
လေပေါ်ပစ်မြှောက်မှပြေမယ့်
မင်းအာသီသတို့အတွက်
ကိုယ်ဟာ သြဇာစေ့လေးဖြစ်ခဲ့တယ်…။
ဖြူလွှလွှကျောက်စရစ်ခဲလေးဖြစ်ခဲ့တယ်…။

ကျိန်စာတွေပြယ်ဖို့
မထွေးကိုမှလိုပါတယ်လို့
ဒီစွန်ညိုဟာ သံ ကုန် ခြစ် အော် ခဲ့…။

မသေခင်မှာ
အရှင်လတ်လတ်ကျတဲ့ငရဲဆိုတာ
မင်းမျက်နှာမူရာ ကိုယ်နေရပြီး
ထမင်းရည်ပူစည်းအထပ်ထပ်
အခြားခံခဲ့ရသလိုပါကွယ်…။

တကယ်တော့………
ဒီအုန်းလက်မြင်းလေးက
မင်းအလိုရှိရင်ယူဆော့ပြီး
အလိုမရှိတဲ့အခါ
ပစ်ထားခဲ့လို့ရပါတယ်…။

(လင်း)
(Unicode)

image

သိပ္ခ်စ္မိတဲ႔အေၾကာင္းေတြ (သိပ်ချစ်မိတဲ့အကြောင်းတွေ)

(၁)
တကယ္တမ္းက်
ကြၽန္ေတာ္ဆိုတာ
သူမကိုပ်ဝပ္ရိုက်ိဳးစြာခ်စ္ခဲ့မိသူပဲ။
ေကာင္းကင္ဆီလက္ျဖန္႔လိုက္ရင္ကို
ကိုယ္က မင္းလက္ခုပ္ထဲ
အလိုလိုေႂကြဆင္းေပးေနမိတဲ႔သူမ်ိဳး။

(၂)
ခပ္ည့ံည့ံဝတၳဳဇာတ္လိုက္တစ္ေယာက္လို
ၾကယ္ေတြခူးမေပးႏိုင္ဘူးတာရာ။
ဒါေပမယ့္ တစ္ဘဝစာအစီအစဥ္မွာေတာ့
မင္းဆိုတာ အဓိကေနရာကအၿမဲပါတယ္။

(၃)
ဆႏၵေတြတနင့္တပိုးလြယ္ၿပီး
မကြၽတ္မလြတ္ႏိုင္ေသးတဲ႔
တေစၧတစ္ေကာင္ပါကြယ္။
ကိုယ့္ႏွလံုးသားေထာင့္မွာ
မင္းအမွ်လာေဝေတာ့မွ
ဘဝကူးႏိုင္မယ့္ပံုျမင္မိတယ္။

(၄)
ကိုယ့္ဆံပင္ေတြကို
ထိုးဖြေဆာ့ကစားသြားတဲ႔ေလေျပဟာ မင္း၊
ၿခံေထာင့္က
ကိုယ္ပ်ိဳးထားတဲ႔စြယ္ေတာ္ပင္ပ်ိဳေလးဟာ မင္း၊
ကိုယ့္ပုခံုးသားေပၚ
ျမတ္ႏိုးစြာတင္ထားမိတဲ႔တေယာေလးဟာ မင္း၊
အိုကြယ္… ကိုယ့္ဘဝရဲ႕အရာရာဟာမင္းျဖစ္တယ္။

(၅)
ႏွလံုးသားအေသကိုျပဳစားဖို႔
ဘယ္လိုေမွာ္အတတ္ေတြ
စီရင္ခဲ႔သလဲေကာင္မေလးရယ္။
မင္းမ်က္ေတာင္တစ္ခတ္မွာတင္
ဒီၿမိဳ႕ရိုးတစ္ခုလံုးကၿပိဳက်သြားေလရဲ႕။

ၿပံဳးပါတာရာရယ္။
ဒီရင္ဘတ္ကက်ိန္စာေတြကို
မင္းအၿပံဳးေလးျဖဴလႊလႊတစ္ပြင့္တည္းနဲ႔
တစ္သံသရာစာ ဆြဲလႊင့္ပစ္ႏိုင္ပါတယ္။

(၆)
ကိုယ္ကမ္းခဲ႔တာစြယ္ေတာ္ျဖဴေလးပါ။
မင္းနမ္းခ်င္လည္းျဖစ္တယ္။
မင္းနင္းခ်င္လည္းျဖစ္တယ္။

အရွံဳးေပးၿပီးသားလူတစ္ေယာက္ပဲ။
ဒီေကာင္အႀကိမ္ႀကိမ္ေသေအာင္
ႏွလံုးသားဆီခ်ိန္ရြယ္ေမာင္းျဖဳတ္ရင္လည္း
သံသရာအဆက္ဆက္
လည္စင္းေပးေနဦးမွာပဲ။
ခ်စ္မိၿပီဆိုမွေတာ့
ေနာင္တဆိုတာလည္းမရွိတတ္ဘူး။

(၇)
မင္းနာမည္ေလးကို
တခုတ္တရေရရြတ္
ၫႊတ္က်သြားတဲ႔ဒူးႏွစ္ဖက္မွာ
ခစားစရာသခင္မတစ္ပါးရွိခဲ႔ၿပီ။

အို…အခ်င္းေဆြမြန္တို႔
ဤမည္ေသာသူမအား
ငါ၏သစၥာတို႔အားေပးခဲ႔ေလၿပီျဖစ္အ့ံ။
အသင္တို႔စိတ္ကူးထဲ၌ပင္
သူမအားထိပါးခြင့္မရွိ။

(၈)
မင္းကိုလြမ္းၿပီဆို
သိကၡာေတြ၊ မာနေတြ အကုန္လႊတ္ခ်ၿပီး
ကဗ်ာေရးဖို႔တစ္ခုေလာက္ပဲသိတဲ႔ေကာင္ပါ။

စကၠန္႔တိုင္း စကၠန္႔တိုင္း ………
ေသြးေၾကာေတြထဲက
မင္းနာမည္ေလးျဖဴလႊလႊကို
တဖြဖြေအာ္တယ္။
ႏွလံုးသားလည္းအျဖဴ…၊
ခံစားခ်က္လည္းအျဖဴ…။

(၉)
တာရာေရ…
မ်က္လံုးေလးအသာမွိတ္
ေခါင္းေလးအသာေမာ့
မင္းလည္တိုင္ေက်ာ့ေက်ာ့မွာ
ကိုယ့္ပင့္သက္ေတြခိုနားပါေစကြယ္။

ေနာဧရဲ႕ေလွကိုစီး
(တို႔ႏွစ္ေယာက္တည္း) ဧဒင္အထိခရီးထြက္မယ္။

မစားေကာင္းတဲ႔အသီးေတြကို
ဥယ်ာဥ္တစ္ခုလံုးစိုက္ပ်ိဳးမယ္။

တေယာကတစ္လက္…
ခ်စ္သူကတစ္ဖက္…
အဲဒီတားျမစ္သစ္ပင္ရိပ္ထက္မွာ
အနမ္းေတြ တသက္သက္ေဝမယ္။

(လင္း)
(Zawgyi)

(၁)
တကယ်တမ်းကျ
ကျွန်တော်ဆိုတာ
သူမကိုပျဝပ်ရိုကျိုးစွာချစ်ခဲ့မိသူပဲ။
ကောင်းကင်ဆီလက်ဖြန့်လိုက်ရင်ကို
ကိုယ်က မင်းလက်ခုပ်ထဲ
အလိုလိုကြွေဆင်းပေးနေမိတဲ့သူမျိုး။

(၂)
ခပ်ည့ံည့ံဝတၳုဇာတ်လိုက်တစ်ယောက်လို
ကြယ်တွေခူးမပေးနိုင်ဘူးတာရာ။
ဒါပေမယ့် တစ်ဘဝစာအစီအစဉ်မှာတော့
မင်းဆိုတာ အဓိကနေရာကအမြဲပါတယ်။

(၃)
ဆန္ဒတွေတနင့်တပိုးလွယ်ပြီး
မကျွတ်မလွတ်နိုင်သေးတဲ့
တစေၧတစ်ကောင်ပါကွယ်။
ကိုယ့်နှလုံးသားထောင့်မှာ
မင်းအမျှလာဝေတော့မှ
ဘဝကူးနိုင်မယ့်ပုံမြင်မိတယ်။

(၄)
ကိုယ့်ဆံပင်တွေကို
ထိုးဖွဆော့ကစားသွားတဲ့လေပြေဟာ မင်း၊
ခြံထောင့်က
ကိုယ်ပျိုးထားတဲ့စွယ်တော်ပင်ပျိုလေးဟာ မင်း၊
ကိုယ့်ပုခုံးသားပေါ်
မြတ်နိုးစွာတင်ထားမိတဲ့တယောလေးဟာ မင်း၊
အိုကွယ်… ကိုယ့်ဘဝရဲ့အရာရာဟာမင်းဖြစ်တယ်။

(၅)
နှလုံးသားအသေကိုပြုစားဖို့
ဘယ်လိုမှော်အတတ်တွေ
စီရင်ခဲ့သလဲကောင်မလေးရယ်။
မင်းမျက်တောင်တစ်ခတ်မှာတင်
ဒီမြို့ရိုးတစ်ခုလုံးကပြိုကျသွားလေရဲ့။

ပြုံးပါတာရာရယ်။
ဒီရင်ဘတ်ကကျိန်စာတွေကို
မင်းအပြုံးလေးဖြူလွှလွှတစ်ပွင့်တည်းနဲ့
တစ်သံသရာစာ ဆွဲလွှင့်ပစ်နိုင်ပါတယ်။

(၆)
ကိုယ်ကမ်းခဲ့တာစွယ်တော်ဖြူလေးပါ။
မင်းနမ်းချင်လည်းဖြစ်တယ်။
မင်းနင်းချင်လည်းဖြစ်တယ်။

အရှုံးပေးပြီးသားလူတစ်ယောက်ပဲ။
ဒီကောင်အကြိမ်ကြိမ်သေအောင်
နှလုံးသားဆီချိန်ရွယ်မောင်းဖြုတ်ရင်လည်း
သံသရာအဆက်ဆက်
လည်စင်းပေးနေဦးမှာပဲ။
ချစ်မိပြီဆိုမှတော့
နောင်တဆိုတာလည်းမရှိတတ်ဘူး။

(၇)
မင်းနာမည်လေးကို
တခုတ်တရရေရွတ်
ညွှတ်ကျသွားတဲ့ဒူးနှစ်ဖက်မှာ
ခစားစရာသခင်မတစ်ပါးရှိခဲ့ပြီ။

အို…အချင်းဆွေမွန်တို့
ဤမည်သောသူမအား
ငါ၏သစ္စာတို့အားပေးခဲ့လေပြီဖြစ်အ့ံ။
အသင်တို့စိတ်ကူးထဲ၌ပင်
သူမအားထိပါးခွင့်မရှိ။

(၈)
မင်းကိုလွမ်းပြီဆို
သိက္ခာတွေ၊ မာနတွေ အကုန်လွှတ်ချပြီး
ကဗျာရေးဖို့တစ်ခုလောက်ပဲသိတဲ့ကောင်ပါ။

စက္ကန့်တိုင်း စက္ကန့်တိုင်း ………
သွေးကြောတွေထဲက
မင်းနာမည်လေးဖြူလွှလွှကို
တဖွဖွအော်တယ်။
နှလုံးသားလည်းအဖြူ…၊
ခံစားချက်လည်းအဖြူ…။

(၉)
တာရာရေ…
မျက်လုံးလေးအသာမှိတ်
ခေါင်းလေးအသာမော့
မင်းလည်တိုင်ကျော့ကျော့မှာ
ကိုယ့်ပင့်သက်တွေခိုနားပါစေကွယ်။

နောဧရဲ့လှေကိုစီး
(တို့နှစ်ယောက်တည်း) ဧဒင်အထိခရီးထွက်မယ်။

မစားကောင်းတဲ့အသီးတွေကို
ဥယျာဉ်တစ်ခုလုံးစိုက်ပျိုးမယ်။

တယောကတစ်လက်…
ချစ်သူကတစ်ဖက်…
အဲဒီတားမြစ်သစ်ပင်ရိပ်ထက်မှာ
အနမ်းတွေ တသက်သက်ဝေမယ်။

(လင်း)
(Unicode)

image

ရင္ကြဲခန္းေဆာင္ (ရင်ကွဲခန်းဆောင်)

ဒီေန႔လည္း ေလွကားထစ္ေတြေရတြက္ရင္း
ကိုယ္တက္ခဲ႔မိျပန္ၿပီတာရာ။

ဆ႒မထပ္က
ေသာ့ခတ္ထားတဲ့အခန္းဟာ
ကိုယ့္အတြက္ တားတရက္စ္ပါပဲ။
ဘယ္ေတာ့မွမၿငိမ္းႏိုင္မယ့္အဲဒီမီးေတြက
ရိုးတြင္းျခင္ဆီထိေအာင္ကိုေလာင္တယ္။

တင္းတင္းေစ့ပိတ္ထားတဲ႔တံခါးကို
အရင္လို “တေဒါက္ေဒါက္” မေခါက္မိဖို႔
ကိုယ့္ကိုယ္ကိုသတိေပးရတယ္။

ေမွ်ာ္ေနသူမရွိေတာ့ဘူးဆိုိတဲ႔အသိဟာ
အိမ္ျပန္လာတဲ႔ဖိနပ္ေလးကိုလည္း
သိမ္ငယ္သြားေစျပန္ရဲ႕။

တကယ္ေတာ့
ဒီအခန္းထဲမွာစံပယ္ေတြမွမေမႊးပ်ံ႕ေတာ့တာပဲကြယ္။
အိပ္မက္ဆိုးေတြထဲ
ကိုယ္တစ္ေယာက္တည္းတိုးဖြင့္ဝင္သြားလိုက္ပါ့မယ္။

အေရာင္ျပယ္လုလု
ထင္းရွဴးသားတေယာအိုေလးကို
တိတ္ဆိတ္ျခင္းကတေငြ႔ေငြ႔နဲ႔ေလာင္ၿမိဳက္တယ္။
ၿပီးေတာ့………
တေျမ႕ေျမ႕နဲ႔လိႈက္စားတယ္။

ေႂကြက်သြားတဲ႔စြယ္ေတာ္ေလးျပန္ပြင့္ဖို႔အတြက္ေတာ့
ေဆြး လ် လြမ္း ညိဳ႕
ကိုယ္ဆို႔နင့္စြာဆုေတာင္းရဦးမယ္။

(လင္း)
(Zawgyi)

ဒီနေ့လည်း လှေကားထစ်တွေရေတွက်ရင်း
ကိုယ်တက်ခဲ့မိပြန်ပြီတာရာ။

ဆဋ္ဌမထပ်က
သော့ခတ်ထားတဲ့အခန်းဟာ
ကိုယ့်အတွက် တားတရက်စ်ပါပဲ။
ဘယ်တော့မှမငြိမ်းနိုင်မယ့်အဲဒီမီးတွေက
ရိုးတွင်းခြင်ဆီထိအောင်ကိုလောင်တယ်။

တင်းတင်းစေ့ပိတ်ထားတဲ့တံခါးကို
အရင်လို “တဒေါက်ဒေါက်” မခေါက်မိဖို့
ကိုယ့်ကိုယ်ကိုသတိပေးရတယ်။

မျှော်နေသူမရှိတော့ဘူးဆိိုတဲ့အသိဟာ
အိမ်ပြန်လာတဲ့ဖိနပ်လေးကိုလည်း
သိမ်ငယ်သွားစေပြန်ရဲ့။

တကယ်တော့
ဒီအခန်းထဲမှာစံပယ်တွေမှမမွေှးပျံ့တော့တာပဲကွယ်။
အိပ်မက်ဆိုးတွေထဲ
ကိုယ်တစ်ယောက်တည်းတိုးဖွင့်ဝင်သွားလိုက်ပါ့မယ်။

အရောင်ပြယ်လုလု
ထင်းရှူးသားတယောအိုလေးကို
တိတ်ဆိတ်ခြင်းကတငွေ့ငွေ့နဲ့လောင်မြိုက်တယ်။
ပြီးတော့………
တမြေ့မြေ့နဲ့လှိုက်စားတယ်။

ကြွေကျသွားတဲ့စွယ်တော်လေးပြန်ပွင့်ဖို့အတွက်တော့
ဆွေး လျ လွမ်း ညို့
ကိုယ်ဆို့နင့်စွာဆုတောင်းရဦးမယ်။

(လင်း)
(Unicode)

image

ခ်ိဳးျဖဴငွက္တို႔ရဲ႕အေတာင္ပံေတြ ဒီေျမေပၚျဖန္႔က်က္ပါေစ (ချိုးဖြူငှက်တို့ရဲ့အတောင်ပံတွေ ဒီမြေပေါ်ဖြန့်ကျက်ပါစေ)

ေလတိုက္တိုင္း ေသြးညွီနံ႔ေတြမရေတာ့ဘူးဆိုရင္
တို႔အနာဂတ္ေတြကိုသရဏဂံုတင္စရာမလိုေတာ့ဘူး။

စစ္တံပိုးခရာသံေတြနဲ႔
ဟိုးအေဝးကပ်ံသန္းလာမယ့္စာတစ္ေစာင္ကို
ဘယ္လိုမိန္းမသားကေမွ်ာ္ေနမွာလဲ။
ကႀကီး ခေခြးရြတ္ေနတဲ႔သမီးေလးကို
မိစံုဖစံုနဲ႔ေတာ့ဘြဲ႔ယူေစခ်င္တယ္။

ဘယ္သူသိမလဲ။
ေအးစက္သြားတဲ႔ရဲေဘာ္ကိုထမ္းေခၚဖို႔
ေယာက်္ားရင့္မာႀကီးတခ်ိဳ႕ရဲ႕
မ်က္ရည္ေတြလည္းလိုတယ္ဆိုတဲ႔အေၾကာင္း………။
တကယ္ဆို…ဒီျပဇာတ္ကိုေခါင္းစဥ္ေျပာင္းသင့္တာၾကာၿပီ။

“မနက္ျဖန္ကို
က်ည္ဆန္ေတြၾကား
လမ္းမေလွ်ာက္ခ်င္ဘူး။”
“ျမင္းနက္စီးတဲ႔ေသမင္းနဲ႔ေဝးရာမွာေနမယ္။”
“တစ္ခါတည္းပါဆိုၿပီး
လက္ညွိဳးေတြဆက္မေကြးၾကပါနဲ႔”
ဆုေတာင္းေတြကိုအေတာင္ပံတပ္
ေကာင္းကင္ထိရြက္လႊင့္ခိုင္းလိုက္တယ္။

ခ်ိဳးျဖဴငွက္တို႔ရဲ႕အေတာင္ပံေတြ
ဒီေျမေပၚျဖန္႔က်က္ပါေစ။

(လင္း)
(Zawgyi)

လေတိုက်တိုင်း သွေးညှီနံ့တွေမရတော့ဘူးဆိုရင်
တို့အနာဂတ်တွေကိုသရဏဂုံတင်စရာမလိုတော့ဘူး။

စစ်တံပိုးခရာသံတွေနဲ့
ဟိုးအဝေးကပျံသန်းလာမယ့်စာတစ်စောင်ကို
ဘယ်လိုမိန်းမသားကမျှော်နေမှာလဲ။
ကကြီး ခခွေးရွတ်နေတဲ့သမီးလေးကို
မိစုံဖစုံနဲ့တော့ဘွဲ့ယူစေချင်တယ်။

ဘယ်သူသိမလဲ။
အေးစက်သွားတဲ့ရဲဘော်ကိုထမ်းခေါ်ဖို့
ယောကျ်ားရင့်မာကြီးတချို့ရဲ့
မျက်ရည်တွေလည်းလိုတယ်ဆိုတဲ့အကြောင်း………။
တကယ်ဆို…ဒီပြဇာတ်ကိုခေါင်းစဉ်ပြောင်းသင့်တာကြာပြီ။

“မနက်ဖြန်ကို
ကျည်ဆန်တွေကြား
လမ်းမလျှောက်ချင်ဘူး။”
“မြင်းနက်စီးတဲ့သေမင်းနဲ့ဝေးရာမှာနေမယ်။”
“တစ်ခါတည်းပါဆိုပြီး
လက်ညှိုးတွေဆက်မကွေးကြပါနဲ့”
ဆုတောင်းတွေကိုအတောင်ပံတပ်
ကောင်းကင်ထိရွက်လွှင့်ခိုင်းလိုက်တယ်။

ချိုးဖြူငှက်တို့ရဲ့အတောင်ပံတွေ
ဒီမြေပေါ်ဖြန့်ကျက်ပါစေ။

(လင်း)
(Unicode)

image

သန္းေခါင္ယံအလြမ္း-၁ (သန်းခေါင်ယံအလွမ်း-၁)

တိတ္ဆိတ္တဲ႔အခန္း
ေရာ္ရမ္း…ေမွ်ာ္မွန္းတဲ႔အနမ္း
သန္းေခါင္ယံအလြမ္း
(လင္း)
(Zawgyi)

တိတ်ဆိတ်တဲ့အခန်း
ရော်ရမ်း…မျှော်မှန်းတဲ့အနမ်း
သန်းခေါင်ယံအလွမ်း
(လင်း)
(Unicode)

image

ေၾကာင္ျဖစ္ခ်င္တယ္ (ကြောင်ဖြစ်ချင်တယ်)

မနက္ႏိုးႏိုးခ်င္း
မင္းစိတ္တံခါးကိုတြန္းဖြင့္ခြင့္ရခ်င္ရံုေလးပါ။

ကိုယ္အတၱမ်ားသိပ္ႀကီးသြားသလားတာရာ။

မင္းႏိုးရင္ကိုယ့္ကိုလိုက္ရွာပါ။
ေစာင္လိပ္ေလးေအာက္မွာ…
ကုတင္ေလးေဘးမွာ…
မီးဖိုေခ်ာင္ထဲမွာ…
ေက်းဇူးျပဳၿပီးကိုယ့္ကိုလိုက္ရွာေပးပါ။

စိတ္ခ်…။
မင္းအနားကဘယ္ေတာ့မွမခြာဘူး။
ေျခလွမ္း၂၀ေလာက္ကြာသြားရင္ကို
တစ္သံသရာလံုးျခားၿပီအထင္နဲ႔
ဝမ္းနည္းတတ္တဲ႔သူဆိုတာဒီေကာင္ပဲတာရာ။

လာပါ…။

ဘာသာေဗဒခ်င္းမတူေပမယ့္
စကားစျမည္ေလးေျပာမယ္။

မင္းမ်က္ႏွာဖူးဖူးေလးကို
ၾကယ္ေတြေႂကြသြားတဲ႔အထိေငးမယ္။

မင္းရင္ခြင္ေလးထဲေခါင္းတုိးဝင္
ဒီသံေယာဇဥ္ေတြကိုခ်ည္ခင္လိုက်စ္ပစ္မယ္။

“ခန္႔ၿဖိဳး”သီခ်င္းကိုေကာ္ပီကူး
“ေၾကာင္ျဖစ္ခ်င္တယ္”လို႔လည္း
ခပ္ရူးရူးဆိုျပမယ္။

ကေလးရယ္………။
ကိုယ္ျဖစ္ခ်င္တာ “Baby Milo”မွမဟုတ္ပဲ။
တစ္သက္လံုးအတြက္………
ေနာက္ၿပီး
မင္းအတြက္………
“Baby Kitty”ျဖစ္ခြင့္ရရင္ေက်နပ္တယ္။

(လင္း)
(Zawgyi)

မနက်နိုးနိုးချင်း
မင်းစိတ်တံခါးကိုတွန်းဖွင့်ခွင့်ရချင်ရုံလေးပါ။

ကိုယ်အတ္တများသိပ်ကြီးသွားသလားတာရာ။

မင်းနိုးရင်ကိုယ့်ကိုလိုက်ရှာပါ။
စောင်လိပ်လေးအောက်မှာ…
ကုတင်လေးဘေးမှာ…
မီးဖိုချောင်ထဲမှာ…
ကျေးဇူးပြုပြီးကိုယ့်ကိုလိုက်ရှာပေးပါ။

စိတ်ချ…။
မင်းအနားကဘယ်တော့မှမခွာဘူး။
ခြေလှမ်း၂၀လောက်ကွာသွားရင်ကို
တစ်သံသရာလုံးခြားပြီအထင်နဲ့
ဝမ်းနည်းတတ်တဲ့သူဆိုတာဒီကောင်ပဲတာရာ။

လာပါ…။

ဘာသာဗေဒချင်းမတူပေမယ့်
စကားစမြည်လေးပြောမယ်။

မင်းမျက်နှာဖူးဖူးလေးကို
ကြယ်တွေကြွေသွားတဲ့အထိငေးမယ်။

မင်းရင်ခွင်လေးထဲခေါင်းတိုးဝင်
ဒီသံယောဇဉ်တွေကိုချည်ခင်လိုကျစ်ပစ်မယ်။

“ခန့်ဖြိုး”သီချင်းကိုကော်ပီကူး
“ကြောင်ဖြစ်ချင်တယ်”လို့လည်း
ခပ်ရူးရူးဆိုပြမယ်။

ကလေးရယ်………။
ကိုယ်ဖြစ်ချင်တာ “Baby Milo”မှမဟုတ်ပဲ။
တစ်သက်လုံးအတွက်………
နောက်ပြီး
မင်းအတွက်………
“Baby Kitty”ဖြစ်ခွင့်ရရင်ကျေနပ်တယ်။

(လင်း)
(Unicode)

image