ရင္ကြဲခန္းေဆာင္ (ရင်ကွဲခန်းဆောင်)

ဒီေန႔လည္း ေလွကားထစ္ေတြေရတြက္ရင္း
ကိုယ္တက္ခဲ႔မိျပန္ၿပီတာရာ။

ဆ႒မထပ္က
ေသာ့ခတ္ထားတဲ့အခန္းဟာ
ကိုယ့္အတြက္ တားတရက္စ္ပါပဲ။
ဘယ္ေတာ့မွမၿငိမ္းႏိုင္မယ့္အဲဒီမီးေတြက
ရိုးတြင္းျခင္ဆီထိေအာင္ကိုေလာင္တယ္။

တင္းတင္းေစ့ပိတ္ထားတဲ႔တံခါးကို
အရင္လို “တေဒါက္ေဒါက္” မေခါက္မိဖို႔
ကိုယ့္ကိုယ္ကိုသတိေပးရတယ္။

ေမွ်ာ္ေနသူမရွိေတာ့ဘူးဆိုိတဲ႔အသိဟာ
အိမ္ျပန္လာတဲ႔ဖိနပ္ေလးကိုလည္း
သိမ္ငယ္သြားေစျပန္ရဲ႕။

တကယ္ေတာ့
ဒီအခန္းထဲမွာစံပယ္ေတြမွမေမႊးပ်ံ႕ေတာ့တာပဲကြယ္။
အိပ္မက္ဆိုးေတြထဲ
ကိုယ္တစ္ေယာက္တည္းတိုးဖြင့္ဝင္သြားလိုက္ပါ့မယ္။

အေရာင္ျပယ္လုလု
ထင္းရွဴးသားတေယာအိုေလးကို
တိတ္ဆိတ္ျခင္းကတေငြ႔ေငြ႔နဲ႔ေလာင္ၿမိဳက္တယ္။
ၿပီးေတာ့………
တေျမ႕ေျမ႕နဲ႔လိႈက္စားတယ္။

ေႂကြက်သြားတဲ႔စြယ္ေတာ္ေလးျပန္ပြင့္ဖို႔အတြက္ေတာ့
ေဆြး လ် လြမ္း ညိဳ႕
ကိုယ္ဆို႔နင့္စြာဆုေတာင္းရဦးမယ္။

(လင္း)
(Zawgyi)

ဒီနေ့လည်း လှေကားထစ်တွေရေတွက်ရင်း
ကိုယ်တက်ခဲ့မိပြန်ပြီတာရာ။

ဆဋ္ဌမထပ်က
သော့ခတ်ထားတဲ့အခန်းဟာ
ကိုယ့်အတွက် တားတရက်စ်ပါပဲ။
ဘယ်တော့မှမငြိမ်းနိုင်မယ့်အဲဒီမီးတွေက
ရိုးတွင်းခြင်ဆီထိအောင်ကိုလောင်တယ်။

တင်းတင်းစေ့ပိတ်ထားတဲ့တံခါးကို
အရင်လို “တဒေါက်ဒေါက်” မခေါက်မိဖို့
ကိုယ့်ကိုယ်ကိုသတိပေးရတယ်။

မျှော်နေသူမရှိတော့ဘူးဆိိုတဲ့အသိဟာ
အိမ်ပြန်လာတဲ့ဖိနပ်လေးကိုလည်း
သိမ်ငယ်သွားစေပြန်ရဲ့။

တကယ်တော့
ဒီအခန်းထဲမှာစံပယ်တွေမှမမွေှးပျံ့တော့တာပဲကွယ်။
အိပ်မက်ဆိုးတွေထဲ
ကိုယ်တစ်ယောက်တည်းတိုးဖွင့်ဝင်သွားလိုက်ပါ့မယ်။

အရောင်ပြယ်လုလု
ထင်းရှူးသားတယောအိုလေးကို
တိတ်ဆိတ်ခြင်းကတငွေ့ငွေ့နဲ့လောင်မြိုက်တယ်။
ပြီးတော့………
တမြေ့မြေ့နဲ့လှိုက်စားတယ်။

ကြွေကျသွားတဲ့စွယ်တော်လေးပြန်ပွင့်ဖို့အတွက်တော့
ဆွေး လျ လွမ်း ညို့
ကိုယ်ဆို့နင့်စွာဆုတောင်းရဦးမယ်။

(လင်း)
(Unicode)

image

Advertisements

သို႔…ခ်စ္လွစြာေသာတာရာ (သို့…ချစ်လှစွာသောတာရာ)

မိတ္ဆက္စကားေျပာဖို႔
ေရွ႕တန္းထြက္စစ္သည္တစ္ေယာက္လို
ကိုယ္အသင့္ျပင္ထားတယ္။

ဓားကိုင္ေနက်လူၾကမ္းေလးပါကြယ္။
မင္းေရွ႕ေတာ္ေမွာက္
ပန္းပြင့္တိ႔ုနဲ႔အေရာက္လာဖို႔ကိုကခက္ခဲလြန္းရဲ႕။

အၾကည့္ကေလးတစ္ခ်က္နဲ႔တင္
ကိုယ့္ေျခလွမ္းေတြကို
ေကာင္းေကာင္းျပဳစားႏိုင္ေနသားနဲ႔
ဘာေၾကာင့္မို႔ အၿပံဳးေတြကိုထပ္ေႁခြခ်ေနရေသးတာလဲ။

ကိုယ္ေႂကြဆင္းခဲ႔တဲ႔
မင္းမ်က္ဝန္းျပာလဲ႔မႈန္မႈန္မွာ
ဘီသိုဗင္ရဲ႕ေတးသြားတစ္ပုဒ္ေတာင္
မိုးစုံးစုပ္ခ်ဳပ္ခဲ႔တယ္။

ၫႊတ္ ယိမ္း ႏြဲ႔ ေကြး
အဲဒီႏႈတ္ခမ္းပါးေလးေတြက.
ငါ့ကိုမေလွာင္ၾကပါနဲ႔ဦး။
ရွိန္း ပူ ခ်ိဴ  ျမ
လေရာင္နဲ႔ကတဲ႔
ဒီျပဇာတ္ေလးအိပ္တန္းတက္သြားပါ့မယ္။
“ခ်စ္တယ္”ဆိုတာကိုမင္းတို႔မွမသိၾကပဲ။

ဘဝမွာ ကေလးဆန္ဆန္ၿပံဳးတတ္ဖို႔
သိပ္အမ်ားႀကီးမလိုဘူးတာရာ…။

ရပါတယ္………။
ကိုယ္ဟာမင္းကိုမ်က္ႏွာမူထားတဲ႔ေနၾကာပန္းပဲ။
(မနက္တိုင္း) ပါးျပင္ေပၚအနမ္းတစ္ပြင့္ေႁခြခ်ေပးရံုနဲ႔လံုေလာက္တယ္။

(လင္း)
(Zawgyi)

မိတ်ဆက်စကားပြောဖို့
ရှေ့တန်းထွက်စစ်သည်တစ်ယောက်လို
ကိုယ်အသင့်ပြင်ထားတယ်။

ဓားကိုင်နေကျလူကြမ်းလေးပါကွယ်။
မင်းရှေ့တော်မှောက်
ပန်းပွင့်တိ့ုနဲ့အရောက်လာဖို့ကိုကခက်ခဲလွန်းရဲ့။

အကြည့်ကလေးတစ်ချက်နဲ့တင်
ကိုယ့်ခြေလှမ်းတွေကို
ကောင်းကောင်းပြုစားနိုင်နေသားနဲ့
ဘာကြောင့်မို့ အပြုံးတွေကိုထပ်ခြွေချနေရသေးတာလဲ။

ကိုယ်ကြွေဆင်းခဲ့တဲ့
မင်းမျက်ဝန်းပြာလဲ့မှုန်မှုန်မှာ
ဘီသိုဗင်ရဲ့တေးသွားတစ်ပုဒ်တောင်
မိုးစုံးစုပ်ချုပ်ခဲ့တယ်။

ညွှတ် ယိမ်း နွဲ့ ကွေး
အဲဒီနှုတ်ခမ်းပါးလေးတွေက.
ငါ့ကိုမလှောင်ကြပါနဲ့ဦး။
ရှိန်း ပူ ချိူ  မြ
လရောင်နဲ့ကတဲ့
ဒီပြဇာတ်လေးအိပ်တန်းတက်သွားပါ့မယ်။
“ချစ်တယ်”ဆိုတာကိုမင်းတို့မှမသိကြပဲ။

ဘဝမှာ ကလေးဆန်ဆန်ပြုံးတတ်ဖို့
သိပ်အများကြီးမလိုဘူးတာရာ…။

ရပါတယ်………။
ကိုယ်ဟာမင်းကိုမျက်နှာမူထားတဲ့နေကြာပန်းပဲ။
(မနက်တိုင်း) ပါးပြင်ပေါ်အနမ်းတစ်ပွင့်ခြွေချပေးရုံနဲ့လုံလောက်တယ်။

(လင်း)
(Unicode)

image

ခ်ိဳးျဖဴငွက္တို႔ရဲ႕အေတာင္ပံေတြ ဒီေျမေပၚျဖန္႔က်က္ပါေစ (ချိုးဖြူငှက်တို့ရဲ့အတောင်ပံတွေ ဒီမြေပေါ်ဖြန့်ကျက်ပါစေ)

ေလတိုက္တိုင္း ေသြးညွီနံ႔ေတြမရေတာ့ဘူးဆိုရင္
တို႔အနာဂတ္ေတြကိုသရဏဂံုတင္စရာမလိုေတာ့ဘူး။

စစ္တံပိုးခရာသံေတြနဲ႔
ဟိုးအေဝးကပ်ံသန္းလာမယ့္စာတစ္ေစာင္ကို
ဘယ္လိုမိန္းမသားကေမွ်ာ္ေနမွာလဲ။
ကႀကီး ခေခြးရြတ္ေနတဲ႔သမီးေလးကို
မိစံုဖစံုနဲ႔ေတာ့ဘြဲ႔ယူေစခ်င္တယ္။

ဘယ္သူသိမလဲ။
ေအးစက္သြားတဲ႔ရဲေဘာ္ကိုထမ္းေခၚဖို႔
ေယာက်္ားရင့္မာႀကီးတခ်ိဳ႕ရဲ႕
မ်က္ရည္ေတြလည္းလိုတယ္ဆိုတဲ႔အေၾကာင္း………။
တကယ္ဆို…ဒီျပဇာတ္ကိုေခါင္းစဥ္ေျပာင္းသင့္တာၾကာၿပီ။

“မနက္ျဖန္ကို
က်ည္ဆန္ေတြၾကား
လမ္းမေလွ်ာက္ခ်င္ဘူး။”
“ျမင္းနက္စီးတဲ႔ေသမင္းနဲ႔ေဝးရာမွာေနမယ္။”
“တစ္ခါတည္းပါဆိုၿပီး
လက္ညွိဳးေတြဆက္မေကြးၾကပါနဲ႔”
ဆုေတာင္းေတြကိုအေတာင္ပံတပ္
ေကာင္းကင္ထိရြက္လႊင့္ခိုင္းလိုက္တယ္။

ခ်ိဳးျဖဴငွက္တို႔ရဲ႕အေတာင္ပံေတြ
ဒီေျမေပၚျဖန္႔က်က္ပါေစ။

(လင္း)
(Zawgyi)

လေတိုက်တိုင်း သွေးညှီနံ့တွေမရတော့ဘူးဆိုရင်
တို့အနာဂတ်တွေကိုသရဏဂုံတင်စရာမလိုတော့ဘူး။

စစ်တံပိုးခရာသံတွေနဲ့
ဟိုးအဝေးကပျံသန်းလာမယ့်စာတစ်စောင်ကို
ဘယ်လိုမိန်းမသားကမျှော်နေမှာလဲ။
ကကြီး ခခွေးရွတ်နေတဲ့သမီးလေးကို
မိစုံဖစုံနဲ့တော့ဘွဲ့ယူစေချင်တယ်။

ဘယ်သူသိမလဲ။
အေးစက်သွားတဲ့ရဲဘော်ကိုထမ်းခေါ်ဖို့
ယောကျ်ားရင့်မာကြီးတချို့ရဲ့
မျက်ရည်တွေလည်းလိုတယ်ဆိုတဲ့အကြောင်း………။
တကယ်ဆို…ဒီပြဇာတ်ကိုခေါင်းစဉ်ပြောင်းသင့်တာကြာပြီ။

“မနက်ဖြန်ကို
ကျည်ဆန်တွေကြား
လမ်းမလျှောက်ချင်ဘူး။”
“မြင်းနက်စီးတဲ့သေမင်းနဲ့ဝေးရာမှာနေမယ်။”
“တစ်ခါတည်းပါဆိုပြီး
လက်ညှိုးတွေဆက်မကွေးကြပါနဲ့”
ဆုတောင်းတွေကိုအတောင်ပံတပ်
ကောင်းကင်ထိရွက်လွှင့်ခိုင်းလိုက်တယ်။

ချိုးဖြူငှက်တို့ရဲ့အတောင်ပံတွေ
ဒီမြေပေါ်ဖြန့်ကျက်ပါစေ။

(လင်း)
(Unicode)

image

သန္းေခါင္ယံအလြမ္း-၁ (သန်းခေါင်ယံအလွမ်း-၁)

တိတ္ဆိတ္တဲ႔အခန္း
ေရာ္ရမ္း…ေမွ်ာ္မွန္းတဲ႔အနမ္း
သန္းေခါင္ယံအလြမ္း
(လင္း)
(Zawgyi)

တိတ်ဆိတ်တဲ့အခန်း
ရော်ရမ်း…မျှော်မှန်းတဲ့အနမ်း
သန်းခေါင်ယံအလွမ်း
(လင်း)
(Unicode)

image

ေၾကာင္ျဖစ္ခ်င္တယ္ (ကြောင်ဖြစ်ချင်တယ်)

မနက္ႏိုးႏိုးခ်င္း
မင္းစိတ္တံခါးကိုတြန္းဖြင့္ခြင့္ရခ်င္ရံုေလးပါ။

ကိုယ္အတၱမ်ားသိပ္ႀကီးသြားသလားတာရာ။

မင္းႏိုးရင္ကိုယ့္ကိုလိုက္ရွာပါ။
ေစာင္လိပ္ေလးေအာက္မွာ…
ကုတင္ေလးေဘးမွာ…
မီးဖိုေခ်ာင္ထဲမွာ…
ေက်းဇူးျပဳၿပီးကိုယ့္ကိုလိုက္ရွာေပးပါ။

စိတ္ခ်…။
မင္းအနားကဘယ္ေတာ့မွမခြာဘူး။
ေျခလွမ္း၂၀ေလာက္ကြာသြားရင္ကို
တစ္သံသရာလံုးျခားၿပီအထင္နဲ႔
ဝမ္းနည္းတတ္တဲ႔သူဆိုတာဒီေကာင္ပဲတာရာ။

လာပါ…။

ဘာသာေဗဒခ်င္းမတူေပမယ့္
စကားစျမည္ေလးေျပာမယ္။

မင္းမ်က္ႏွာဖူးဖူးေလးကို
ၾကယ္ေတြေႂကြသြားတဲ႔အထိေငးမယ္။

မင္းရင္ခြင္ေလးထဲေခါင္းတုိးဝင္
ဒီသံေယာဇဥ္ေတြကိုခ်ည္ခင္လိုက်စ္ပစ္မယ္။

“ခန္႔ၿဖိဳး”သီခ်င္းကိုေကာ္ပီကူး
“ေၾကာင္ျဖစ္ခ်င္တယ္”လို႔လည္း
ခပ္ရူးရူးဆိုျပမယ္။

ကေလးရယ္………။
ကိုယ္ျဖစ္ခ်င္တာ “Baby Milo”မွမဟုတ္ပဲ။
တစ္သက္လံုးအတြက္………
ေနာက္ၿပီး
မင္းအတြက္………
“Baby Kitty”ျဖစ္ခြင့္ရရင္ေက်နပ္တယ္။

(လင္း)
(Zawgyi)

မနက်နိုးနိုးချင်း
မင်းစိတ်တံခါးကိုတွန်းဖွင့်ခွင့်ရချင်ရုံလေးပါ။

ကိုယ်အတ္တများသိပ်ကြီးသွားသလားတာရာ။

မင်းနိုးရင်ကိုယ့်ကိုလိုက်ရှာပါ။
စောင်လိပ်လေးအောက်မှာ…
ကုတင်လေးဘေးမှာ…
မီးဖိုချောင်ထဲမှာ…
ကျေးဇူးပြုပြီးကိုယ့်ကိုလိုက်ရှာပေးပါ။

စိတ်ချ…။
မင်းအနားကဘယ်တော့မှမခွာဘူး။
ခြေလှမ်း၂၀လောက်ကွာသွားရင်ကို
တစ်သံသရာလုံးခြားပြီအထင်နဲ့
ဝမ်းနည်းတတ်တဲ့သူဆိုတာဒီကောင်ပဲတာရာ။

လာပါ…။

ဘာသာဗေဒချင်းမတူပေမယ့်
စကားစမြည်လေးပြောမယ်။

မင်းမျက်နှာဖူးဖူးလေးကို
ကြယ်တွေကြွေသွားတဲ့အထိငေးမယ်။

မင်းရင်ခွင်လေးထဲခေါင်းတိုးဝင်
ဒီသံယောဇဉ်တွေကိုချည်ခင်လိုကျစ်ပစ်မယ်။

“ခန့်ဖြိုး”သီချင်းကိုကော်ပီကူး
“ကြောင်ဖြစ်ချင်တယ်”လို့လည်း
ခပ်ရူးရူးဆိုပြမယ်။

ကလေးရယ်………။
ကိုယ်ဖြစ်ချင်တာ “Baby Milo”မှမဟုတ်ပဲ။
တစ်သက်လုံးအတွက်………
နောက်ပြီး
မင်းအတွက်………
“Baby Kitty”ဖြစ်ခွင့်ရရင်ကျေနပ်တယ်။

(လင်း)
(Unicode)

image

ေဝးသြားၾကျပီရွိေသာ္ (ဝေးသွားကြပြီရှိသော်)

ကိုယ္တို့ေဝးသြားၾကျပီ ေရွးေခတ္ကလို
စာတိုက္ပံုးထဲ ေဝးကြာမွုေတြအျပန္အလွန္ေပးပိို့ေပးရင္း

စိတ္ကူးထဲကအိမ္ကေလးဆီ ကိုယ္တစ္ေယာက္ထဲျပန္တဲ့အခါ
လူကူးမ်ဥ္းက်ားေပၚက
အေဖာ္မဲ့သြားတဲ့ ငွက္တစ္ေကာင္ဟာ ကိုယ္ေပါ့

ေနသာရဲ့လားလို့ လူေတြေမးျကတဲ့အခါ
ေျဖသာပါတယ္လို့ ျပန္ေျဖၿပီး
က်ကြဲသြားတဲ့ စိတ္အပိုင္းအစေတြကို
စိတ္နဲ့တစ္ဆံုးထိုင္ေငးေနမယ္

မိုးေတြအံု့လာပံုအစ မိုးေရစက္ေတြက်လာပံုအဆံုး
ဘယ္အရာကို ဝမ္းပန္းတနဲရိွုက္ငင္ရမလဲ
ကိုယ္ေပၚက်သြားတဲ့ မိုးေရ မိုးေပါက္တိုင္းဟာ
အနာတရေတြခ်ည္းသက္သက္

ဒဏ္ရာလို့ ေအာ္ငိုေနမယ့္အစား
ေသြးထြက္တဲ့အထိပဲ ကိုယ့္နွုတ္ခမ္းကိုဖိကိုက္ထားမယ္

အကယ္၍မ်ား တကယ္ေဝးခဲ့သည္ရွိေသာ္…
မနီးဖူးေသးတဲ့ စိတ္မွန္သမ်ွကို စုစီးျပီး
မင္းေန့နာမ္ေဒါင့္မွာ သစၥာပန္းနွင့္တစ္ကြ
အလွူဒါနျပုခဲ့မယ္
ေအးခ်မ္းပါေစကြယ္ …။

Credit >>> ပိုးတိမ္သား
(Zawgyi)

ကိုယ်တို့ဝေးသွားကြပြီ ရှေးခေတ်ကလို
စာတိုက်ပုံးထဲ ဝေးကွာမှုတွေအပြန်အလှန်ပေးပိို့ပေးရင်း

စိတ်ကူးထဲကအိမ်ကလေးဆီ ကိုယ်တစ်ယောက်ထဲပြန်တဲ့အခါ
လူကူးမျဉ်းကျားပေါ်က
အဖော်မဲ့သွားတဲ့ ငှက်တစ်ကောင်ဟာ ကိုယ်ပေါ့

နေသာရဲ့လားလို့ လူတွေမေးကြတဲ့အခါ
ဖြေသာပါတယ်လို့ ပြန်ဖြေပြီး
ကျကွဲသွားတဲ့ စိတ်အပိုင်းအစတွေကို
စိတ်နဲ့တစ်ဆုံးထိုင်ငေးနေမယ်

မိုးတွေအုံ့လာပုံအစ မိုးရေစက်တွေကျလာပုံအဆုံး
ဘယ်အရာကို ဝမ်းပန်းတနဲရှိုက်ငင်ရမလဲ
ကိုယ်ပေါ်ကျသွားတဲ့ မိုးရေ မိုးပေါက်တိုင်းဟာ
အနာတရတွေချည်းသက်သက်

ဒဏ်ရာလို့ အော်ငိုနေမယ့်အစား
သွေးထွက်တဲ့အထိပဲ ကိုယ့်နှုတ်ခမ်းကိုဖိကိုက်ထားမယ်

အကယ်၍များ တကယ်ဝေးခဲ့သည်ရှိသော်…
မနီးဖူးသေးတဲ့ စိတ်မှန်သမျှကို စုစီးပြီး
မင်းနေ့နာမ်ဒေါင့်မှာ သစ္စာပန်းနှင့်တစ်ကွ
အလှူဒါနပြုခဲ့မယ်
အေးချမ်းပါစေကွယ် …။

Credit >>> ပိုးတိမ်သား
(Unicode)

image

တေယာက္က တေယာက္ကိုေငးၾကည့္ ငါတို႔ဟာ အေဝးႀကီးမယ္… (တယောက်က တယောက်ကိုငေးကြည့် ငါတို့ဟာ အဝေးကြီးမယ်…)

အခ်ိဳ႕ခံစားခ်က္ေတြဟာ
တိတိက်က်အေျဖမရွိဘူး…
မင္းဟာငါ့အိပ္မက္လို႔ ေတြးမိတဲ့အခါ
ဖမ္းဆုပ္မၾကည့္ဖို႔
ငါ့စိတ္ကူးကိုငါ အခါခါျပန္တြက္ရသလိုပါပဲ…

စိတ္ညစ္ညဴးဖြယ္ရာ အေရးအသားဆို
ငါ့လက္နဲ႔အုပ္လို႔ ရယ္ေမာဖြယ္ရာေတြအၿမဲ
ေျပာျပေပးခ်င္တယ္…

မင္းဟာ ငါဘယ္အခ်ိန္ၾကည့္ၾကည့္
အၿမဲလတ္ဆတ္ေနတဲ့
ပင္လယ္ေလလို လူတေယာက္ပဲျဖစ္ေစခ်င္တာ..

ထူးအိမ္သင္ရဲ႕ေဝးသြားတဲ့အခါသီခ်င္းဖြင့္တယ္
တကယ္တမ္းေဝးေနၾကတဲ့အခါ
ဘယ္တုန္းကေရာ ငါတို႔ နီးခဲ့ဖူးၾကသလဲ…

မင္းဟာငါထိုင္ေငးရၿပီး
ဘယ္ေတ့ာမွမေရာက္ျဖစ္ေသးတဲ့ ပင္လယ္ပါ…
မင္းဟာငါ့ဘဝရဲ႕ တခုတည္းေသာ
စိတ္ၾကည္ႏူးဖြယ္ရာရႉေမွ်ာ္ခင္းေလးပါ…

မင္းဟာ…..မင္းဟာ
ငါ့ရဲ႕အရာရာျဖစ္တယ္
ဒဏ္ရာျဖစ္တယ္…
အႏူးညံ့ဆံုးေဝဒနာျဖစ္တယ္…

ဒီသံသရာမွာ မင္းကလြဲပီး ဘယ္ငရဲကိုမွ
ခုန္ဆင္းျဖစ္ေတာ့မွာမဟုတ္ဖူး
မင္းဟာငါနစ္ဝင္ေနတဲ့ ပင္လယ္
ႏွစ္ဘဝစာလို႔ေျပာၿပီး
အဲ့ဒီပင္လယ္ထဲကို ငါ ခုန္ခုန္ဆင္းတယ္…။   ။

Credit >>> ပိုးတိမ္သား
(Zawgyi)

အချို့ခံစားချက်တွေဟာ
တိတိကျကျအဖြေမရှိဘူး…
မင်းဟာငါ့အိပ်မက်လို့ တွေးမိတဲ့အခါ
ဖမ်းဆုပ်မကြည့်ဖို့
ငါ့စိတ်ကူးကိုငါ အခါခါပြန်တွက်ရသလိုပါပဲ…

စိတ်ညစ်ညူးဖွယ်ရာ အရေးအသားဆို
ငါ့လက်နဲ့အုပ်လို့ ရယ်မောဖွယ်ရာတွေအမြဲ
ပြောပြပေးချင်တယ်…

မင်းဟာ ငါဘယ်အချိန်ကြည့်ကြည့်
အမြဲလတ်ဆတ်နေတဲ့
ပင်လယ်လေလို လူတယောက်ပဲဖြစ်စေချင်တာ..

ထူးအိမ်သင်ရဲ့ဝေးသွားတဲ့အခါသီချင်းဖွင့်တယ်
တကယ်တမ်းဝေးနေကြတဲ့အခါ
ဘယ်တုန်းကရော ငါတို့ နီးခဲ့ဖူးကြသလဲ…

မင်းဟာငါထိုင်ငေးရပြီး
ဘယ်တေ့ာမှမရောက်ဖြစ်သေးတဲ့ ပင်လယ်ပါ…
မင်းဟာငါ့ဘဝရဲ့ တခုတည်းသော
စိတ်ကြည်နူးဖွယ်ရာရှူမျှော်ခင်းလေးပါ…

မင်းဟာ…..မင်းဟာ
ငါ့ရဲ့အရာရာဖြစ်တယ်
ဒဏ်ရာဖြစ်တယ်…
အနူးညံ့ဆုံးဝေဒနာဖြစ်တယ်…

ဒီသံသရာမှာ မင်းကလွဲပီး ဘယ်ငရဲကိုမှ
ခုန်ဆင်းဖြစ်တော့မှာမဟုတ်ဖူး
မင်းဟာငါနစ်ဝင်နေတဲ့ ပင်လယ်
နှစ်ဘဝစာလို့ပြောပြီး
အဲ့ဒီပင်လယ်ထဲကို ငါ ခုန်ခုန်ဆင်းတယ်…။   ။

Credit >>> ပိုးတိမ်သား
(Unicode)

image